မီးဘေးသင့်ကျောင်းသူများအတွက် ကျောင်းသုံးပစ္စည်းများနှင့် စာရေးကိရိယာများလှူဒါန်း

ဖာပွန်  ၃၀    အောက်တိုဘာ

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်တွင် အောက်တိုက်ဘာလ ၂၉ ရက် နံနက်ပိုင်းက စိန့်ထရေဇာ ဘုးရားရှိခိုးကျောင်း ဘော်ဒါဆောင်မီးလောင်မှုကြောင်း ပျက်စီးခဲ့သည့် မီးဘေးသင့်ကျောင်းသူများအတွက် မြို့နယ်ပညာ ရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဦးစောခင်းစလေ၊ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးစိုင်းကျော်နန္ဒနှင့် ဝန်ထမ်းများသည် ယမန်နေ့ မွန်းလွဲပိုင်းက ကျောင်းသုံးပစ္စည်းများနှင့် စာရေး ကိရိယာများ သွာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

 မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများသည် မီးဘေးသင့်ကျောင်းသူ(၆၅)ဦးအတွက် ကျောပိုးအိတ် (၆၅)အိတ်၊ သင်ရိုး ညွှန်းတမ်းစာအုပ်(၆၅)စုံ၊ ဘောပင်အချောင်း ၇၀ ၊  ခဲတံ ၃၂ ဒါဇင်၊ ပေတံ(၆၅)ချောင်းနှင့် ဗလာစာအုပ် (၈၆) ဒါဇင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ကျော်ဝဏ္ဏ(ပြန်/ဆက်)