မဟာအောင်မြေမြို့နယ်တွင် လျှပ်စစ်မီးကြိုးခိုးယူသူအား အရေးယူထား

နေပြည်တော် ၂၇ ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်နေ Myanmar Net ကုမ္ပဏီ ဆက်ဆံရေးတာဝန်ခံ မညိုမီထွေးသည် ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၄ နာရီက ကုမ္ပဏီတွင်ရှိနေစဉ် သိပ္ပံလမ်းပေါ်ရှိ ကုမ္ပဏီမှတပ်ဆင်ထားသော လျှပ်စစ်မီးကြိုးများ ခိုးယူသူအား ဖမ်းဆီးရမိထားကြောင်း သိရှိရ၍ အမှတ်(၁၁)နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။

 

စစ်ဆေးချက်များအရ ၆၀x၆၁ လမ်းကြား၊ သိပ္ပံလမ်းပေါ်တွင် လျှပ်စစ်မီးကြိုးခိုးယူသူ ချမ်းမြသာစည်မြို့နယ်၊ ထွန်းတုံးရပ်ကွက်နေ အောင်ဇင်နိုင်ဦး(ခ)ကတုံး (၂၂)နှစ်အား လျှပ်စစ်မီးကြိုးများနှင့်အတူ တွေ့ရှိရသဖြင့် မညိုမိထွေးမှ အရေးယူပေးရန် တိုင်တန်းချက်အရ အောင်ဇင်နိုင်ဦး(ခ)ကတုံးအား အမှတ်(၁၁)နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

MDN

Source: ရဲပြန်ကြား