မဟာအောင်မြေမြို့နယ်တွင် အထွေထွေရောဂါကုသခြင်းနှင့် တီဘီရောဂါ စမ်းသပ်စစ်ဆေးခြင်းတို့ အခမဲ့ ကွင်းဆင်းဆောင်ရွက်

မန္တလေး ၁၇   မေ

 

အထက်မြန်မာပြည် တီဘီရောဂါအထူးကုဆရာဝန်ကြီးများနှင့် မဟာအောင်မြေမြို့နယ် ကျန်းမာရေးဦးစီးဌာန တို့ ပူးပေါင်းကာ  မဟာအောင်မြေမြို့နယ် ၆၂×၆၃ လမ်းကြား၊ ၃၉ × ၄၀ လမ်းကြား အောင်စေမာရ်ပြေ ဓမ္မာရုံတွင်  ယနေ့ နံနက် ၈ နာရီခွဲမှ စတင်ကာ အထွေထွေရောဂါကုသခြင်းနှင့် တီဘီရောဂါစမ်းသပ်စစ်ဆေးခြင်းတို့ အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

ထိုသို့ အခမဲ့ကွင်းဆင်းဆောင်ရွက်ရာတွင် Union မှ ဒေါက်တာကျော်စိန်လင်း ဦးစီးသော အဖွဲ့နှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာချောချောနိုင် ဦးစီးသော ကျန်းမာရေးဝန်ထမ်းများသည် ရပ်ကွက်နေ ပြည်သူ (၈၀)ဦးတို့အား အထွေထွေရောဂါများအား ဆေးကုသပေးခြင်းများ၊ တီဘီရောဂါစမ်းသပ်စစ်ဆေးခြင်း (သလိပ်စစ်ခြင်း၊ ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း) များကို အခမဲ့ ဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ 

 

(ထွန်းထွန်းနိုင်)

 

2.jp