မဟာအောင်မြေမြို့နယ်၌ ညမထွက်ရ ဒေသန္တရအမိန့်ဖောက်ဖျက်သူများအား  အရေးယူထား

နေပြည်တော် ၃၁  ဩဂုတ်

 

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၇)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၃၀ ရက်နေ့ နံနက် ၂ နာရီခွဲအချိန်က နယ်မြေ လှည့်ကင်းဆောင်ရွက်စဉ် သံလျက်မှော်တောင်အနောက်ရပ်ကွက်လမ်း၌ အဆိုပါရပ်ကွက်နေ ဇင်မင်းသန့်(ခ)လူပျို(၁၉)နှစ်ပါ ၂ ဦးအား ညမထွက်ရ ဒေသန္တရအမိန့် ဖောက်ဖျက်လျက် အကြောင်းမဲ့ သွားလာနေသည်ကို တွေ့ရှိရသဖြင့် မဟာအောင်မြေမြို့နယ် တရားရုံးသို့ တရားစွဲတင်ပို့သွားမည် ဖြစ်ကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။

 

(သတင်းစဉ်)