MFF ယူ-၁၄ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

၁၇  နိုဝင်ဘာ 

မျိုးဆက်သစ် ကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်ရေး ရည်ရွယ်၍ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် 100 Plus တို့ ပူးပေါင်းကျင်းပသည့်  MFF 100 Plus Cup Boy's ယူ-၁၄ တိုင်းဒေသကြီးနှင့်ပြည်နယ် လူငယ်ဘောလုံးပြိုင်ပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းက သုဝဏ္ဏမြက်ခင်းတုကွင်း၌ ဆက်လက်ကျင်းပသည်။

နံနက်ပိုင်းကျင်းပသည့် ပွဲများတွင် ရန်ကုန်အသင်းက ချင်းအသင်းကို ခြောက်ဂိုး-နှစ်ဂိုးဖြင့် အနိုင်ရပြီး ကချင်အသင်းနှင့် မွန်အသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။ ညနေပိုင်းကျင်းပသည့်ပွဲများတွင် ကရင်အသင်းက ရခိုင်အသင်းကို သုံးဂိုး-တစ်ဂိုး၊ တနင်္သာရီအသင်းက စစ်ကိုင်းအသင်းကို ငါးဂိုး-ဂိုးမရှိတို့ဖြင့် အနိုင်ရခဲ့သည်။ ပြိုင်ပွဲတတိယနေ့ကို နိုဝင်ဘာ ၁၈ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး နံနက် ၈ နာရီတွင် ပဲခူးအသင်းနှင့် ရှမ်းတောင်အသင်း၊ ဧရာဝတီအသင်းနှင့် နေပြည်တော်အသင်း၊ ညနေ ၄ နာရီတွင် မကွေးအသင်းနှင့် ရှမ်းအရှေ့အသင်း၊ ရှမ်းမြောက်အသင်းနှင့် ကယားအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ရဲရင့်ရှိုင်း