MFF ယူ-၁၄ တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပမည်

mdn

၁၅ နိုဝင်ဘာ


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် 100 Plus တို့ ပူးပေါင်းကျင်းပသည့် MFF ယူ-၁၄ တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသားဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၁၆ ရက်မှ ၂၈ ရက်အထိ ရန်ကုန်မြို့ရှိသုဝဏ္ဏမြက်ခင်းတုကွင်း၌ ကျင်းပမည်ဖြစ်သည်။


ယင်းပြိုင်ပွဲတွင် အသင်း ၁၇ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုလေးခုခွဲ၍ ကျင်းပမည်ဖြစ်ကာ အုပ်စုပွဲများကို တစ်နေ့လျှင်လေးပွဲနူန်းဖြင့် ကျင်းပမည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု(က) တွင် ရှမ်းအရှေ့၊ ရှမ်းမြောက်၊ ကယာ၊ မန္တလေး၊ မကွေး၊ အုပ်စု (ခ) တွင် ချင်း၊ ကချင်၊ မွန်၊ ရန်ကုန်၊ အုပ်စု (ဂ) တွင် ရှမ်းတောင်၊ နေပြည်တော်၊ ပဲခူး၊ ဧရာဝတီ၊ အုပ်စု (ဃ) တွင် ရခိုင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ကရင်အသင်းတို့ ပါဝင်နေသည်။ အုပ်စုပထမနေ့ကို နိုဝင်ဘာ ၁၆ ရက် (ယနေ့) စတင်မည်ဖြစ်ပြီး နံနက် ၈ နာရီခွဲတွင် ရှမ်းမြောက်နှင့် မကွေး၊ ကယားနှင့် မန္တလေး၊ ညနေ ၄ နာရီတွင် ရှမ်းတောင်နှင့် ဧရာဝတီ၊နေပြည်တော်နှင့် ပဲခူးအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ နံနက် ၈ နာရီတွင် ဖွင့်ပွဲအခမ်းအနာ ကျင်းပမည်ဖြစ်သည်။ အုပ်စုပွဲစဉ်များကို နိုဝင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ကွာတားဖိုင်နယ်ကို နိုဝင်ဘာ ၂၄ ရက်၊ ဆီမီးဖိုင်နယ်ကို နိုဝင်ဘာ ၂၆ ရက်၊ ဗိုလ်လုပွဲကို နိုဝင်ဘာ ၂၈ ရက်တွင် ကျင်းပမည်ဖြစ်သည်။


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မျိုးဆက်သစ်ကစားသမားများထွက်ေပါ်လာစေရန် လူငယ်ပြိုင်ပွဲများ ဆက်တိုက်ကျင်းပနေခြင်းဖြစ်သည်။

 

ညီမြတ်သော်တာ