MFF ယူ-၁၂ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲများ ကျင်းပမည်

၂၆ အောက်တိုဘာ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် ၂၀၁၉ MFF ယူ-၁၂ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို အောက်တိုဘာ ၂၇ ရက် ကျင်းပသွားမည်ဖြစ်သည်။

ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် နံနက် နာရီတွင် မကွေးနှင့် ကရင်၊ ချင်းနှင့် ဧရာဝတီ၊ ညနေ နာရီတွင် မွန်နှင့် ရှမ်းတောင်၊ စစ်ကိုင်းနှင့် ပဲခူးအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး သုဝဏ္ဏမြက်ခင်းတုကွင်း၌ ကျင်းပမည်ဖြစ်သည်။ အုပ်စုပွဲစဉ်များကို အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်အထိ ကျင်းပခဲ့ပြီး အုပ်စု (က) တွင် မကွေးအသင်းက ရှစ်မှတ်ဖြင့် အုပ်စုပထမ၊ ရှမ်းတောင်အသင်းက ခုနစ်မှတ်ဖြင့် အုပ်စုဒုတိယ၊ အုပ်စု () တွင် မွန်အသင်းက ကိုးမှတ်ဖြင့် အုပ်စုပထမ၊ ကရင်အသင်းက လေးမှတ်ဖြင့် အုပ်စုဒုတိယ၊ အုပ်စု () တွင် ချင်းအသင်းက ကိုးမှတ်ဖြင့် အုပ်စုပထမ၊ ပဲခူးအသင်းက ခြောက်မှတ်ဖြင့် အုပ်စုဒုတိယ၊ အုပ်စု () တွင်စစ်ကိုင်းအသင်းက ခုနစ်မှတ်ဖြင့် အုပ်စုပထမ၊ ဧရာဝတီအသင်းက လေးမှတ်ဖြင့် အုပ်စုဒုတိယရကာ ကွာတားဖိုင်နယ် တက်ရောက်ခဲ့သည်။ နာမည်ကြီးအသင်းများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စသည့်အသင်းများအုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မျိုးဆက်သစ်ကစားသမားများ ထွက်ပေါ်လာရန် ရည်ရွယ်၍ ယခုပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ပြီး သက်တမ်းအလိုက်ပြိုင်ပွဲများလည်း ထပ်မံကျင်းပသွားမည်ဖြစ်သည်။

ညီမြတ်သော်တာ

ဓါတ်ပုံ -MFF