MFF ယူ-၁၂ ပြိုင်ပွဲတွင် မကွေး၊ ချင်း၊ ရှမ်းတောင်နှင့် စစ်ကိုင်း ဆီမီးတက်ရောက်

၂၇ အောက်တိုဘာ

            

                 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် ၂၀၁၉ MFF ယူ-၁၂ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းက သုဝဏ္ဏမြက်ခင်းတုကွင်း၌ ကျင်းပရာ မကွေး၊ ချင်း၊ ရှမ်းတောင်နှင့် စစ်ကိုင်းအသင်းတို့ ဆီမီးဖိုင်နယ် တက်ရောက်သွားသည်။

               

နံနက်ပိုင်းက ကျင်းပသည့်ပွဲတွင် မကွေးအသင်းက ကရင်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ချင်းအသင်းက ဧရာဝတီအသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ညနေပိုင်း ကျင်းပသည့်ပွဲများတွင် ရှမ်းတောင်အသင်းက မွန်အသင်းကို သုံးဂိုး-ဂိုးမရှိ၊ စစ်ကိုင်းအသင်းက ပဲခူးအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များကို အောက်တိုဘာ ၂၉ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မကွေးအသင်းနှင့် ချင်းအသင်း၊ စစ်ကိုင်းအသင်းနှင့် ရှမ်းတောင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

 

ရဲရင့်ရှိုင်း