MFF ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၉) ဆက်လက်ကျင်းပ

၂၅ ဒီဇင်ဘာ

 

၂၀၁၉-၂၀၂၀ ရာသီ MFF ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်()ကို ယနေ့နံနက်ပိုင်းမှစ၍ အမျိုးသားအားကစားပြိုင်ပွဲရုံံ- လှိုင်၌ ဆက်လက်ကျင်းပရာ ထိပ်ဆုံးနေရာအတွက် အရေးပါသည့်ပွဲတွင် VUC အသင်း နိုင်ပွဲရယူပြီး ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။

 

ယခုတစ်ပတ်တွင် ရှစ်ပွဲဆက်အနိုင်ရပြီး ထိပ်ပိုင်းတွင် အပြိုင်ဖြစ်နေသည့် ထိပ်ဆုံးမှ VUC အသင်းနှင့် တတိယနေရာမှ GV အသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး VUC အသင်းကရှစ်ဂိုး-နှစ်ဂိုးဖြင့် အနိုင်ရကာ ဇယားထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။ ဒုတိယနေရာတွင် ရပ်တည်နေသည့် လက်ရှိချန်ပီယံ MIU အသင်းမှာလည်း မြို့မ JY အသင်းကိုရှစ်ဂိုးပြတ်အနိုင်ယူကာ VUC အသင်းကို အမှတ်တူဖြင့် လိုက်လံဖိအားပေးနိုင်ခဲ့သည်။ အခြားပွဲများတွင် လက်ဝဲသုန္ဒရအသင်းက ဖူဆယ်ချစ်သူအသင်းကို ခြောက်ဂိုး-ငါးဂိုး၊ MFF ယူ-၁၉ အသင်းက AMM Brothers အသင်းကို ခြောက်ဂိုး-လေးဂိုး၊ Do Do Ko Ko အသင်းက Dream Team အသင်းကို ငါးဂိုး-သုံးဂိုး၊ On Doctor အသင်းက Winner အသင်းကို ငါးဂိုး-သုံးဂိုးတို့ဖြင့်အနိုင်ရခဲ့သည်။

 

ပွဲစဉ် () အပြီးတွင် VUC နှင့် MIU အသင်းတို့က ကိုးပွဲဆက်အနိုင်ရကာ ၂၇ မှတ်စီဖြင့် ထိပ်ဆုံးတွင် အပြိုင်ဖြစ်နေပြီး ဂိုးကွာခြားချက်ဖြင့် VUC အသင်းက ဆက်လက်ဦးဆောင်နေသည်။

 

သတင်း-ရဲရင့်ရှိုင်း