မေတ္တာမြို့၌ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ပထမအကြိမ် စာအုပ်များ ငှားရမ်းပေး

မေတ္တာ   ၁၈  စက်တင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် မေတ္တာမြို့ အထက မေတ္တာကျောင်းနှင့် အထက(ခွဲ) တောင်သုံးလုံးကျောင်း၌ ယနေ့တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ပထမအကြိမ် စာအုပ်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်မှုကို ထားဝယ်ရုံးအခြေစိုက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်နှင့် မေတ္တာမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ပြီး ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ (၁၃၄) ဦးတို့အား အသင်းဝင်ကဒ်ပြားများ ထုတ်ပေးကာ စာအုပ်များကို အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

 

(မေတ္တာ  ပြန်/ဆက်)