မြဧရာတင်းနစ်ကလပ်မှ ကျောင်းသူ၊ ကျောင်းသူများအား တင်းနစ်အားကစားနည်း အခြေခံသင်တန်း ပို့ချပေးခဲ့

စစ်ကိုင်း   ၅   ဧပြီ    

       

စစ်ကိုင်းမြို့ရှိ မြဧရာတင်းနစ်ကလပ်မှ ကြီးမှူး၍ နွေရာသီ တင်းနစ်အားကစားနည်း အခြေခံသင်တန်းကို  ကျောင်းသူ၊ ကျောင်းသူများအား ပို့ချပေးခဲ့ပြီး ဧပြီ ၄ ရက်တွင်  သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း အဆိုပါကလပ်မှ သိရသည်။

 

တင်းနစ်အားကစားနည်း အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်ရှိ မြဧရာတင်းနစ်ကွင်းတွင် ကျင်းပခဲ့ပြီး အခမ်းအနားသို့ မြဧရာတင်းနစ်ကလပ်ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ညို ဒုတိယဥက္ကဋ္ဌ ဦးတင်မောင်ထွန်း အတွင်းရေးမှူး ဦးသော်တာ၊ နည်းပြမှူး ဦးနေလင်းအောင်နှင့် တင်းနစ်အားကစားသမားများ၊ ဝါသနာရှင်များ တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းပွဲ အမှတ်တရအဖြစ် သင်တန်းသားများ၏ တင်းနစ်ပြိုင်ပွဲကို မြဧရာ တင်းနစ်ကလပ်တွင် နံနက် ၇နာရီအချိန်က စတင် ကျင်းပပေးခဲ့ကြောင်း သိရသည်။     

 

ထို့နောက် မြဧရာတင်းနစ်အသင်းဥက္ကဋ္ဌ ဒေါက်တာ  ခင်မောင်ညိုက အဖွင့်အမှာစကားပြောကြားပြီး သင်းတန်းသူ၊ သင်တန်းသားများအား သင်တန်းဆင်းအမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

တင်းနစ်ကစားနည်းအခြေခံသင်တန်းကို ယခုနှစ် မတ် ၁၇ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ ၁၈ ရက်ကြာ စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်းနှင့် သင်တန်းသို့  ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း  ၂၈ ဦး တက်ရောက်ပညာသင်ကြားခဲ့ကြောင်း သိရသည်။ 

 

 ကိုမင်း(အင်းတော်)