မောင်တောမြို့တွင် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ စက်ချုပ်သင်တန်းဖွင့်လှစ်

မောင်တော  ၂၇ နိုဝင်ဘာ  

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်း၌  ကျင်းပသော အခြေခံ အိမ်တွင်းမှု သင်တန်း အမှတ်စဉ် (၅၂/၂၀၁၈)နှင့် အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ်(၄၈/၂၀၁၈) သင်တန်း ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မောင်တောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးသောင်းထိုက်က  ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများအားရှင်းလင်းပြောကြားသည်။

သင်တန်းတွင် အခြေခံသင်တန်းသူ (၅၅)ဦး နှင့် အဆင့်မြင့်သင်တန်းသူ(၁၁)ဦး စုစုပေါင်း သင်တန်းသူ(၆၆)ဦး တက်ရောက်သင်ကြားမည့်ဖြစ်ရာ သင်တန်းသူများမှာ မြို့ပေါ် နှင့် ကျေးလက်နေ ဒေသခံတိုင်းရင်းသူများဖြစ်ပြီး သင်တန်းကာလမှာ (၁၄)ပတ် ကြာမြင့်မည် ဖြစ်သည်။

ခရိုင်(ပြန်/ဆက်)