မောင်တောမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု ရာနှုန်းပြည့် ပြီးစီး

မောင်တော ၂၆  စက်တင်ဘာ

 

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့သည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအနေဖြင့် (Village Revolving Fund Project -VRFP)  ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

 

စိုက်ပျိုးရေး မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့သည် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းချေးငွေများ ထုတ်ချေးခြင်းကို  ကျေးရွာများရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ် နှင့် အသက်မွေးဝမ်းကျောင်လုပ်ကိုင်သူများအား ချေးငွေများ ထုတ်ချေးပေးခဲ့ရာ (Type-1)ခုံတိုင်ကျေးရွာရှိ (၇၅) ဦးအတွက် ငွေကျပ် (၂၉၄)သိန်း၊ (Type-3)သက်ကိုင်ညာကျေးရွာရှိ (၁၂)ဦး အတွက် ငွေကျပ် (၉၈)သိန်း၊ (Type-3)တရိန်း(ရခိုင်)ကျေးရွာရှိ (၂၅)ဦးအတွက် (၉၉)သိန်းကို ထုတ်ချေးပေးခဲ့ရာ ယခု ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား မြို့နယ်ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးသိန်းထွန်း နှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)