မောင်တောမြို့နယ်၌ စိတ်ကြွဆေးပြား ၁၄၅၀ဝ၀  သိမ်းဆည်းရမိ

နေပြည်တော် ၃၁  မေ 
    

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲက စိတ်ကြွဆေးပြား ၉၇၅၀ဝ နှင့် ညနေ ၆ နာရီခွဲတွင် စိတ်ကြွဆေးပြား ၄၇၅၀ဝ  စုစုပေါင်း စိတ်ကြွဆေးပြား ၁၄၅၀ဝ၀ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
    

မောင်တောခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မေ ၃၀ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မောင်တောမြို့နယ်၊ ဂုံးနားကျေးရွာနေ မစီနာရ်(၃၄)နှစ်၏ နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ စိတ်ကြွဆေးပြား ၉၇၅၀ဝ ပြား (၁ ပြားလျှင် ၂၀ဝ၀ ကျပ်နှုန်းဖြင့် တန်ဖိုးငွေကျပ် သိန်း ၁၉၅၀)အား သိမ်းဆည်းရမိခဲ့သည်။
    

၄င်းအား စစ်မေးရာ မူးယစ်ဆေးဝါးများအား မောင်တောမြို့နယ်၊ လက်သာအောက် ကျေးရွာ နေ အမျိုးသား ၁ ဦး (စိစစ်ဆဲ)က လာရောက်အပ်နှံ ထားခြင်းဖြစ်ကြောင်း ထွက်ဆိုသဖြင့် မစီနာရ် အား မောင်တောမြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
    

အလားတူ အမှတ်(၄) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့ခွဲ၊ လှဘော်ဇာရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယင်းနေ့ ညနေ ၆ နာရီခွဲတွင် မောင်တောမြို့နယ် ၊ မောင်တော - လှဖိုးခေါင်ကားလမ်း လှဘော်ဇားရဲကင်းစခန်းရှေ့၌ မောင်တောမြို့နယ်၊ (၂)ရပ်ကွက်နေ နူရ်မာမက် မောင်းနှင်လာသည့် ဆိုင်ကယ်အားစစ်ဆေးရန် တားဆီးစဉ် မောင်းနှင်ထွက်ပြေးသွား၍ လိုက်လံဖမ်းဆီးခဲ့ရာ ကျွဲတားပြင်ကျေးရွာပျက်အနီး ပုဇွန်ကန်ဘေး၌ စိတ်ကြွဆေးပြား ၄၇၅၀ဝ (၁ ပြားလျှင် ၂၀ဝ၀ ကျပ်နှုန်းဖြင့် တန်ဖိုးငွေကျပ် သိန်း ၉၅၀ နှင့် အတူ ဖမ်းဆီးရမိခဲ့သဖြင့် နူရ်မာမက်အား ပြင်ဖြူ နယ်မြေရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။  


MDN

 

1