မောင်တောမြို့နယ်၌ စီးကရက် ၄၇ ဖာ၊ ဘီယာ ၁၄ ဖာနှင့် ငါးဖမ်းပိုက် ၄၆၀ ခု သိမ်းဆည်းရမိ

၈ မေ 

မေ ၇ ရက် နံနက် ၈ နာရီ ၄၀ မိနစ်ခန့်က ဓညဝတီရေတပ်စခန်း ဌာနချုပ်မှ တပ်မတော်သားများက နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် မောင်တောမြို့နယ်၊ ဇီးပင်ချောင်းကမ်းနံဘေး၌ MARBLE တံဆိပ်ပါ စီးကရက် ၄၄ ဖာ၊ MANSAN တံဆိပ်ပါ စီးကရက် ၃ ဖာ၊ DIABLO တံဆိပ်ပါ ဘီယာ ၁၄ ဖာ၊ ငါးဖမ်းပိုက်ဆိုဒ်စုံ ၄၆၀ ခု (စုစုပေါင်းတန်ဖိုး ၁၆၁၅၄၀ဝ၀ ကျပ်)အား ပိုင်ရှင်(စိစစ်ဆဲ) သိမ်းဆည်းရမိခဲ့သောကြောင့် အရေးယူပေးပါရန် တိုင်တန်းချက်အရ ကြိမ်ချောင်းနယ်မြေရဲစခန်း (ပ)၄/၂၀၁၉၊ ပို့ကုန်/သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

MDN