မောင်တောမြို့နယ်၊ မြို့သူကြီးတစ်နိုင်တစ်ပိုင် ရေချိုငါးသားပေါက် စခန်းတွင် မျိုးငါးများ ရွေးချယ်ခြင်း ဆောင်ရွက်ခဲ့

မောင်တော  ၁၁   ဇွန်

မောင်တောမြို့၊   မြို့သူကြီးတစ်နိုင်တစ်ပိုင် ရေချိုငါးသားပေါက် စခန်းတွင် မောင်တောခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးထွန်းတင်၏ လမ်းညွှန်မှု၊ ဦးရန်ပိုင်မိုး(လက်ထောက်ဦးစီးမှူး)၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများစုပေါင်းကာ မျိုးငါးရွေးချယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

 

မြို့သူကြီး တစ်နိုင်တစ်ပိုင် ရေချိုငါးသားပေါက်စခန်းတွင် ငါးမြစ်ချင်း၊ ထိုင်းငါးခုံးမ၊ ရွှေဝါငါးကြင်း၊ ငါးတန်၊ ငါးခေါင်းပွ၊ မြက်စားငါးကြင်း၊ တီလားပီးယားငါးမျိုးများကို မွေးမြူထားရှိသည်။ ယခုနှစ် ဇူလိုင်လအတွင်း ငါးမြစ်ချင်းဆေးထိုး သားဖေါက်လုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ထွက်ရှိလာသော ငါးသားပေါက်များကို တိုင်းရင်းသားကျေးရွာများရှိ ရေချိုငါးမွေးကန်များ၊ တပ်ရင်းတပ်ဖွဲ့ပိုင် ငါးမွေးကန်များနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ဖြန့်ဖြူးသွားမည်ဖြစ်သည်။

 

အနာဂါတ်ကာလတွင် မောင်တောဒေသ၌ ရေချိုငါးမွေးမြူရေး လုပ်ငန်းများဖွံ့ဖြိုးလာစေရန်၊ တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်မွေးမြူ ထုတ်လုပ် လာနိုင်စေရန်နှင့် မောင်တောနယ်စပ် ကုန်သွယ်ရေးမှ တစ်ဆင့်တဘက်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်သည် အထိဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

MDN