မောင်တောမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန် ဖုံး၊ သွန်၊ လဲ၊ စစ် နှင့် အဘိတ်ဆေးခတ်ခြင်းများ ကွင်းဆင်းဆောင်ရွက်

မောင်တော  ၁   ဇွန်  

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရန် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေး ခတ်ခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၈) နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်များတွင် ပြုလုပ်ခဲ့ကြသည်။

 

ရပ်ကွက်နေပြည်သူများ သွေးလွန်တုပ်ကွေးရောဂါနှင့် အခြားကူးစက်ရောဂါများ မဖြစ်ပွားစေရန် မောင်တော ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်မောင်မောင်သိန်း ဦးဆောင်သော အဖွဲ့သည် မြို့မအနောက်ရပ်ကွက် ရွာများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရန်အတွက်  ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ မလဲ၊ မသွန်နိုင်သော ရေလှောင်ကန်များကို အဘိတ်ဆေးခပ်ခြင်း နှင့် “သွေးလွန်တုပ်ကွေးကင်းဝေးရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး” လက်ကမ်းစာစောင်များကို ဖြန့်ဝေကာ ကျန်းမားရေး အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြသည်။   

 

သက်လွင်စိုး (ပြန်/ဆက်)

 

ge 1.J