မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ငါးဦး ထပ်မံတွေ့ရှိ

မောင်တော ဇူလိုင် ၁၈

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပိုးတွေ့ရှိခဲ့သည့် လူနာများနှင့် ထိတွေ့ခဲ့သူများဦ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှူကြပ်ပြီး မောင်တောပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့သူများအား  ဇူလိုင် ၁၇ ရက်တွင် Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ  စစ်ဆေးသူများအနက် ငါးဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။    

 

အဆိုပါ ပိုးတွေ့ လူနာများသည် မောင်တောမြို့ပြည်သူ့ဆေးရုံနှင့် ယာယီဆေးရုံငယ်တို့ရှိ ကိုဗစ်-၁၉ အတည်ပြု သီးသန့် ဆောင်တို့တွင် ကျန်းမာရေး စောင့်ရှောက်မှု ခံယူလျက်ရှိသည်။ ဇူလိုင် ၁၇ ရက်တွင် ကိုဗစ်-၁၉ ရောဂါ အတည် ပြုလူနာ သုံးဦးမှာ ဆေးရုံဆင်းခွင့်ရရှိခဲ့ကြောင်း သိရသည်။

 

မောင်တောမြို့၌ ဇွန် ၁၀ ရက်မှ ဇူလိုင် ၁၇ ရက် ညနေပိုင်းထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၃၅၂ ဦး ှိရာ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများအနက် ၂၆၉ ဦးမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရက်ပြည့်မြောက်ပြီး ရောဂါလက္ခဏာ ထပ်မံပြသမှု မရှိသဖြင့် ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး သေဆုံးသူ ငါးဦးရှိကြောင်းနှင့် လက်ရှိတွင် မောင်တောမြို့၌ ဆေးကုသမှုခံ ယူသူ ၇၈ ဦးရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

 

သက်လွင်စိုး(ပြန်/ဆက်)