မောင်တောမြို့ နှင့် မူဆယ်မြို့နယ်တို့တွင် မူယစ်ဆေးဝါးများ ဖမ်းဆီးရမိ 

နေပြည်တော်  ၃၀  ဇွန် 

တပ်မတော်မှ ဇွန် ၂၉ ရက် နံနက် ၄ နာရီခွဲက မောင်တောမြို့နယ်၊ နတ်မြစ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် လှေတစ်စီးအားတွေ့ရှိ၍ စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ထွက်ပြေး သွားသဖြင့် လိုက်လံ ဖမ်းဆီးရာ ဦးရှည်ကျချောင်းဝ၏တောင်ဘက်ရှိ ကမ်းစပ်၌ အဆိုပါလှေအား တွေ့ရှိပြီး ၎င်းလှေပေါ်ရှိ  ငွေကျပ်သိန်း ၂၃၄၄ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၇,၂၀ဝ သိမ်းဆည်းရမိခဲ့သည်။

အလားတူ ယင်းနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ဇွန် ၂၉ ရက် ၁၂၃၀ အချိန် မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မူဆယ်မြို့နယ်၊ တိန်းလုံ ကျေးရွာ အုပ်စု၊ ဝိန်းနားကျေးရွာနေ ဒေါ်နန်းခမ်းထွန်း၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၄,၈၇၅ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း သိရသည်။ 

(ကိုရဲ)