မြောင်းမြမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

မြောင်းမြ ၃ မတ်

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြောင်းမြမြို့ မြို့မအားကစားကွင်း၌ ကျင်းပရာ မြို့မ(၁) အသင်းနှင့် ကဝက်တိုက်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြို့မ(၁) အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

 

ဆုပေးပွဲ အခမ်းအနားတွင် ပထမရရှိသော မြို့မ (၁) အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၂) ဒေါ်ခိုင်ဇင်ဦးမှ လည်းကောင်း၊ ငွေသားဆု (၇)သိန်းကို မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဇာနည်တင့်ကလည်းကောင်း၊ တံခွန်စိုက်ဆုဖလားကို မြောင်းမြခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဦးမောင်မောင်စိုးက ပေးအပ်ချီးမြှင့်ခဲ့သည်။

 

mdn

 

ထို့နောက် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက လည်းကောင်း၊ ဒုတိယဆုရရှိသော ကဝက်တိုက်နယ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များကို မြောင်းမြမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာ နှစ်ဆန်းဦးမှလည်းကောင်း၊ ဆုကြေးငွေ (၅)သိန်းကို ဦးဆန်းလွင်မှ လည်းကောင်း ချီးမြှင့်ခဲ့သည်။

 

mdn

 

၂၀၂၀  ပြည့်နှစ် မြောင်းမြမြို့နယ်၊  လွှတ်တော်ကိုယ်စားလှယ်များဖလား အမျိုးသားဘောလုံးပြိုင်ပွဲကို မြို့မ(၁)၊ (၂)၊ ကံကြီးတိုက်နယ်၊ ကဝက်တိုက်နယ်၊ ရန်မနိုင်တိုက်နယ်၊ ပြင်ရွာတိုက်နယ်၊ သိလ္လာတိုက်နယ်နှင့် ငါးမြင်းချောင်းတိုက်နယ် ဘောလုံးအသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

 

အောင်မင်း(မြောင်းမြ)

 

mdn