မြောင်းမြမြို့၌ ကိုဗစ်−၁၉ ကာကွယ်ဆေး ဝယ်ယူရန် ငွေကျပ် ၆၅၃ သိန်း လှူဒါန်း

မြောင်းမြ၊    ၂၇  ဇန်နဝါရီ   

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် စေတနာရှင်ပြည်သူများ စုပေါင်း၍ ကိုဗစ်−၁၉ ကာကွယ်ဆေး ဝယ်ယူနိုင်ရန်အတွက် အလှူငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီခွဲက မြောင်းမြမြို့ အထွေအထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး မြရွှေဝါ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး (မြောင်းမြ မဲဆန္ဒနယ်−၁)က အမှာစကား ပြောကြာပြီး မြောင်းမြမြို့ရှိ စေတနာရှင် ပြည်သူများက ကိုဗစ်−၁၉ ကာကွယ်ဆေး ဝယ်ယူရန် အလှူငွေကျပ် ၆၅၃ သိန်း ပေးအပ် လှူဒါန်းကြသည်။

ကေခိုင်စိုး(မြောင်းမြ)