မှောင်ခိုဈေးကွက်အတွင်းမှ မျက်နှာဖုံး ၁၄၀,၀၀၀ ပြင်သစ်ရဲတွေ ဖမ်းဆီးရမိ

၂၇ ဧပြီ

 

ပြင်သစ်ရဲတပ်ဖွဲ့က မှောင်ခိုဈေးကွက်အတွင်းမှာ မျက်နှာဖုံး ၁၄၀,၀၀၀ ခု ကို ဖမ်းဆီးရရှိခဲ့ရပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်ကပ်ရောဂါစတင်ချိန်ပျံ့နှံ့ချိန်ကစပြီး မှောင်ခိုဈေးကွက်မှာ မျက်နှာဖုံးအများဆုံး ဖမ်းမိတာဖြစ်ပါတယ်။ 

 

ကပ်ရောဂါကို တိုက်ဖျက်နေတဲ့ ကျန်းမာရေးလုပ်သားတွေဟာ မျက်နှာဖုံး ရရှိရေးဟာ ပထမဦးစားပေးဖြစ်ပြီး၊ မျက်နှာဖုံးတွေကို ဈေးကွက်မှာ ရောင်းချခြင်းကို တားမြစ်ထားတာဖြစ်ပါတယ်။ 

 

မျက်နှာဖုံး ၁၄၀,၀၀၀ ကို နေရာနှစ်ခုမှ ဖမ်းဆီးရမိတာလို့သိရပါတယ်။ မျက်နှာဖုံးအများအပြား ပိုင်ဆိုင်တဲ့ သူတစ်ယောက် ကတော့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး အရည်သွေးမြင့် FFP2 မျက်နှာဖုံး (N95မျက်နှာဖုံး) အခု ၅၀၀၀ ပါဝင်ပြီး ယူရိုနေငွ ၈၀,၀၀၀ တန်ဖိုးရှိ တယ်လို့ သိရပါတယ်။ ဒီမျက်နှာဖုံးတွေကို ဆောက်လုပ်ရေးလုပ်သားတွေအား ဈေးတင်ရောင်းဖို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ 

 

မတ်လပိုင်းက ပဲရစ်မြို့ရှိ ကုန်လှောင်ရုံတစ်ခုမှ မျက်နှာဖုံး ၃၂,၅၀၀ ခု ၊ ပဲရစ်မြို့ရှိ တရုတ်ကုန်စုံဆိုင်မှ မျက်နှာဖုံး ၂၈,၈၀၀ ခုနှစ်ကို ဖမ်းဆီးရမိခဲ့ပြီး ဖြစ်ပါတယ်။ 

 

MDN
ကိုးကား - AFP