မော်လူးမြို့တပ်ပေါင်းစု စေတီတော်တွင် အလှူရှင်တစ်ဦးမှ လျှပ်စစ်မီးလှူဒါန်းခဲ့သဖြင့် ဘုရားဖူး လာရောက်သူများ ၂၄ နာရီအဆင်ပြေ

မော်လူး၊  ၂၂  ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးမြို့ မင်းသစ္စာရပ်ကွက်၊ White City ကုန်းမြေအနီးရှိ တပ်ပေါင်းစု ဆုတောင်းပြည့်စေတီတော်တွင် အလှူရှင်တစ်ဦးမှ ဇန်နဝါရီ ၂၁ ရက်နေ့က လျှပ်စစ်မီးအား (၂၄)နာရီ လှူဒါန်းခဲ့သဖြင့် ဘုရားဖူးလာရောက်သူများအတွက် အဆင်ပြေလွယ်ကူနိုင်တော့မည် ဖြစ်ကြောင်း မော်လူးမြို့အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

 

"သမိုင်းဝင် ကမ္ဘာကျော် White City ကုန်းမြေအနီးမှာ ရှိတာကြောင့် တပ်ပေါင်းစုဆုတောင်ပြည့် စေတီတော်ကို ကမ္ဘာလှည့်ဘုရားဖူးတွေ၊ အနယ်နယ်အရပ်ရပ်က လေ့လာသူတွေအတွက် ကိုဗစ်ကာလ အလွန်မှာ လာရောက်လည်ပတ်နိုင်အောင်လို့ လျှပ်စစ်မီးတွေကိုပြင်ဆင်နေပါတယ် အလှူရှင်ဖြစ်တဲ့ မင်းသုခရပ်ကွက်မှ ရာအိမ်မှူး ဒေါ်ညွန့်စိန်ကိုလည်း ကျေးဇူးတင်ပါတယ် " ၎င်းက ပြောကြားသည်။

 

အဆိုပါ မင်းသစ္စာရပ်ကွက် White City အနီးရှိ တပ်ဦးဓါတ်ပေါင်းစု ဆုတောင်းပြည့်စေတီတော် အား မီးအလင်းအရောင်ကို ပိုမိုအားဖြည့် ဆောင်ရွက်ထားသဖြင့် ဘုရားဖူးနှင့်ဥပုသ်သီလ ဆောက်တည်သူများအတွက် အဆင်ပြေမည်ဖြစ်ပြီး ၎င်းလျှပ်စစ်မီးကြောင့် လစဉ်ကုန်ကျမည့် ဓါတ်အားခများကိုလည်း မော်လူးမြို့၊ မင်းသုခရပ်ကွက်နေ ဒေါ်ညွန့်စိန်(ငြိမ်းချမ်းမိုးဆီစက်လုပ်ငန်း) မိသားစုက လှူဒါန်းကုသိုလ်ပြုခြင်းကြောင့် စေတီတော်နှင့်ရင်ပြင်တစ်ဝိုက်တွင် လျှပ်စစ်မီး အလင်းရောင်မှာ ပိုမိုမီးလင်းထိန်လျှက်ရှိပြီး အနီးရှိ ကမ္ဘာကျော် White City ဂုဏ်ကိုလည်း ပိုမိုမြင့်တက် လာနိုင်မည်ဖြစ်ကြောင်း မော်လူးမြို့အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက ဆက်လက်ပြောကြားသည်။

 

အဆိုပါလျှပ်စစ်မီးလုံးများ ပြုပြင်တပ်ဆင်ရာသို့ မော်လူးမြို့အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း၊  မြို့ပေါ်(၆)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ၊ လျှပ်စစ်ဝန်ထမ်းများ၊ ဟဲနုတောင် တပ်ဦးဓါတ်ပေါင်းစု ဂေါပကအဖွဲ့ဝင်များနှင့် လုပ်အားဒါန ပေးလှူကြသူများက စုပေါင်းတပ်ဆင် ဆောင်ရွက်ခဲ့ကြသည် ။

 

နီတိုး