မော်လမြိုင်မြို့နယ်တွင်(mask) တပ်ဆင်ထားခြင်းမရှိဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာသူများကို ဒဏ်ကြေးပေး ဆောင်စေပြီး အသိပညာပေးခြင်းများ ဆောင်ရွက်

မော်လမြိုင် ၁၁ ဇွန် 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်မှုမရှိစေရေးအတွက် နေအိမ်ပြင်ပသို့ထွက်ခွာသူများ နှာခေါင်းစည်း(Mask)တပ်ဆင် သွားလာနိုင်ရေး အသိပညာပေးခြင်းကို ဇွန် ၁ ရက်မှ ၇ ရက်ထိ အသိပညာပေးကာလအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ပြီး အသိပညာပေးကာလ ကုန်ဆုံးပြီဖြစ်၍ ဇွန် ၈ ရက်မှ စတင်၍ စစ်ဆေးအရေးယူမှုများကို မော်လမြိုင်မြို့၌ (၇)နေရာခွဲ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် မဖြစ်မနေအိမ်ပြင်ပသို့ သွားလာရမည်ဆိုပါက ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း(Mask)များကို တပ်ဆင်ကြရန်ဖြစ်ပြီး နှာခေါင်းစည်း (Mask)မတပ်ဆင်ဘဲ သွားလာသူများကို ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဉပဒေနှင့်အညီ ဒဏ်ငွေ(၃၀၀၀)ကျပ်ပေးဆောင်စေ၍ ပြည်နယ်အစိုးရအဖွဲ့၏စီစဉ်ပေးမှုဖြင့် တစ်ဦးကို(Mask) (၂)ခုပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါနှာခေါင်းစည်း(Mask)တပ်ဆင်ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအဖွဲ့ အစည်းများက ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)