မော်လမြိုင်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ထောက်ပံ့

မော်လမြိုင်   ၂၈   ဇူလိုင် 

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယမန်နေ့ ညနေပိုင်း၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပသည်။

 

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲကို အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀ဝနှုန်းဖြင့် ရပ်ကွက်/ ကျေးရွာအလိုက် ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ယခုတတိယအကြိမ် မြို့နယ်အတွင်း အခြေခံ လူတန်းစား အိမ်ထောင်စု(၁၄၉၉၇)အတွက် ထောက်ပံ့ငွေကျပ် ၂၉၉၉၄၀၀၀၀ ကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့ကြောင်း  သတင်းရရှိသည်။

 

ပြည်နယ်(ပြန်/ဆက်)