မော်လမြိုင်မြို့နှင့် ပေါင်မြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်  ၂၈  ဖေဖော်ဝါရီ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၂၇ ရက် မွန်းလွဲ ၂ နာရီက  မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ စာရေးကြီးကုန်း (၆)လမ်းတွင် အုပ်စိုးခန့် မောင်းနှင်ပြီး စိုးပိုင်ဦး လိုက်ပါလာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၇ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၅ နာရီတွင် ပေါင်မြို့၊ ကဒါရပ်ကွက်၊ မြို့သစ်(၄)လမ်းရှိ စိုးတင့်၏နေအိမ်ကိုရှာဖွေရာ နေအိမ်ခြံဝင်းအတွင်းမှ  စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၀ဝ၊ ရေစိုပျက်စီးနေသော စိတ်ကြွရူးသွပ်ဆေးပြားအလေးချိန် သုည ဒသမ ၁၁ ကီလို၊ နေအိမ်အောက်ထပ်မှ မြန်မာငွေကျပ် ၅၀,ဝ၀ဝ၊ ဆိုင်ကယ်တစ်စီးတို့ကိုသိမ်းဆည်း ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား