မော်လမြိုင်မြို့ သမိုင်းဝင်ကျိုက်သလ္လံစေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ဒုတိယဝန်ကြီး ဦးကျော်လင်းတို့ ကြည့်ရှုစစ်ဆေး

နေပြည်တော် ၁၈ ဇန်နဝါရီ

 

မွန်ပြည်နယ် မော်လမြိုင်မြို့ သမိုင်းဝင်ကျိုက်သလ္လံစေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်လင်းတို့သည် ယမန်နေ့နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးကြသည်။

 

mdn

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ဒုတိယဝန်ကြီး ဦးကျော်လင်းတို့သည် ဇုန်အမှတ်(၁)တွင် Upper Retaining Wall, Lower Retaining Wall များ ဆောင်ရွက်ထားရှိမှု၊ ရေတိုက်စားမှုကို ထိန်းချုပ်ရန်အတွက် Matt Installtion များဆောင်ရွက်နေမှု၊ Ground Anchor များ Installation ဆောင်ရွက်ပြီး မြက်စိုက်ရန် ပြင်ဆင်ထားမှုများကိုလည်းကောင်း၊ ဇုန်အမှတ်(၂)တွင် Ground Beam နှင့် Erossion Control Matt Installation များဆောင်ရွက်ထားရှိမှု၊ Soil Nail များအတွက် Drilling & Grouting ဆောင်ရွက်မှုနှင့် မြက်စိုက်ရန်ပြင်ထားမှုများကို လည်းကောင်း၊ ဇုန်အမှတ်(၃)တွင် Topographic Survey ဆောင်ရွက်ပြီး Site Cleaning & Grubbing ဆောင်ရွက်မှုကို လည်းကောင်း၊ တည်ဆောက်ရေးဇုန် အမှတ်(၄)တွင် ဆိုဒ်ရှင်းလင်းရေးဆောင်ရွက်ပြီး Lower Ground Beam ၊ Grib Beam ၊ သံချောင်းတပ်ဆင်မှုနှင့် Erossion Control Matt Installation များ ဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကြသည်။

 

ထို့နောက် ဘုရားရင်ပြင်တော်ပေါ်ရှိ သာသနိက အဆောက်အဦများနှင့် ဘုရားရင်ပြင် တည်ငြိမ်မှု Monitoring အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘုရားအနောက်ဖက်မုခ်တွင် ကားလမ်းတိုးချဲ့ပါက သြဝါဒစရိယဆရာတော်များထံမှ လမ်းညွှန်မှုခံယူရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများ မိုးမကျမီ အပြီးဆောင်ရွက်သွားရန် မှာကြားသည်။

 

သမိုင်းဝင်ကျိုက်သလ္လံစေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများကို အပိုင်း(၄)ပိုင်းခွဲ၍ ဆောင်ရွက်နေရာ ဇုန်အမှတ်(၁)တွင် ၉၅ ရာခိုင်နှုန်း၊  ဇုန်အမှတ်(၂)တွင် ၈၂ ရာခိုင်နှုန်း၊ ဇုန်အမှတ်(၃)တွင် ၁၅ ရာခိုင်နှုန်းနှင့် ဇုန်အမှတ် (၄)တွင် ၂၆ ရာခိုင်နှုန်းပြီးစီးနေပြီး တည်ဆောက်ရေး လုပ်ငန်းတစ်ခုလုံးအနေဖြင့် ၇၅ ရာခိုင်နှုန်း  ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

ယင်းနောက် ဒုတိယဝန်ကြီး ဦးကျော်လင်းသည် ဘုရားရင်ပြင်ဓမ္မာရုံ၌ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဘုရားဂေါပကနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကုမ္ပဏီမှ တင်ပြသော လုပ်ငန်းအခက်အခဲများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်