မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက်၌ စားသောက်ဆိုင် မီးလောင်မှု ဖြစ်ပွား

မော်လမြိုင် ၂၇ ဖေဖော်ဝါရီ

မွန်ပြည်နယ် မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက်၌ ယနေ့နံနက်ပိုင်းက စားသောက်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဇင်မိုးထံမှ သိရသည်။

 

‌ေ

 

မီးလောင်မှုဖြစ်ပွားရခြင်းမှာ စားသောက်ဆိုင်မြေညီထပ်ရှိ အခန်းလေစုပ်ပန်ကာ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် မျက်နှာကြက် အချပ် ၂၀ မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်မှု မရှိကြောင်း သိရသည်။

 

‌ေ

 

ယနေ့ နံနက် ၁၀ နာရီက မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက် ဖက်ခင်းလမ်းရှိ စားသောက်ဆိုင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မွန်ပြည်နယ်မီးသတ်ဦးစီးမှူး ဦးတင်မောင်နီ ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ မီးငြှိမ်းသတ်ယာဉ် (၁၂)စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီတွင် မီးငြိမ်းသွားကြောင်း သိရသည်။

 

‌ေ

 

ဖြစ်စဉ်နှင့်ပတ်သက်၍ မော်လမြိုင်မြို့ ဇေယျာသီရိနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

မိုးသောက်(ရွှေဘို)