မော်လမြိုင်ကျွန်းမြို့ ခုတင် (၁၀၀) ဆေးရုံသို့ PPE ဝတ်စုံများနှင့် ကျန်းမာရေးလုပ်ငန်းသုံး ပစ္စည်းများလှူဒါန်း

မော်လမြိုင်ကျွန်း  ၇ မေ

 

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက်  We Love AyayarWaddy အဖွဲ့  (ယခင်တိုင်းပညာရေးမှူး  ဆရာဦးကြည်အောင် (ငြိမ်း) အဖွဲ့မှ)  မော်လမြိုင်ကျွန်းမြို့  ခုတင်(၁၀၀) ဆေးရုံသို့ PPE ဝတ်စုံ (၁၀) စုံ၊ Mask  (၄၀၀) ၊ 1 Liter Hand  Sanitizer (၁၈) ဘူး၊  500 Liter Hand  Sanitizer (၃) ဘူး၊ လက်အိတ်အရှည် (၃၀)စုံ၊ မျက်နှာအုပ် (၃၀) ခုအား ယနေ့ မွန်းလွဲ ၁  နာရီက ဆေးရုံအုပ်ကြီး ဒေါက်တာစန်းဝင်းထံသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အောင်အောင်(ပြန်/ဆက်)