မော်လိုက်မြို့၏ အရှေ့တောင်ဘက် (၃)မိုင်ခန့် အကွာတွင် အင်အား ၄ ဒသမ ၀ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှား

နေပြည်တော် ၁၄ ဇန်နဝါရီ

 

၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ(၁၄)ရက်နေ့၊ မြန်မာစံတော်ချိန် (ဝ၇)နာရီ၊ (၅၄)မိနစ်၊ (၅၉) စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၄၁)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မော်လိုက်မြို့၏ အရှေ့တောင်ဘက် (၃)မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၆၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၄၅)ဒီဂရီ၊ အနက်(၇၉)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄.ဝ)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

မိုးဇလ