မြောက်ဦးမြို့နယ်တွင်  ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ

 

မြောက်ဦး ဇွန် ၂၉

 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်မှုများ မဖြစ်ပေါ်စေရေးအတွက် မြို့အဝင်၊ အထွက်နေရာများ၌ ကျန်းမာရေး စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ဆောင်ရွက်လျက် ရှိရာ ဇွန် ၂၉ ရက် နံနက် ၈ နာရီက ‌အလယ်ဈေးတံတား၌ Check Point ထားရှိပြီး ခရီးသွားပြည်သူများအား  ကျန်းမာရေးစစ်ဆေးမှုများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိသည်။

 

မြောက်ဦးမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ခရီးသွားပြည်သူများနှင့် ဈေးရောင်း၊ ဈေးဝယ်လာသူများကို ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်သွားလာစေခြင်း၊ နှာခေါင်းစည်း (Masks) မပါရှိသည့် ခရီးသွားပြည်သူများကို နှာခေါင်းစည်းများ အခမဲ့ ဝေငှပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သော အသိပညာ ပေးလက်ကမ်း စာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

 

ခင်မောင်ထွန်း(ပြန်/ဆက်)

 

mdn