မြောက်ဦးမြို့နယ်၌ ရွေ့လျားဆေးခန်းများဖွင့်၍ ခိုလှုံရာစခန်းများရှိ ပြည်သူများကို EPI ကာကွယ်ဆေးများထိုးပေး

မြောက်ဦး ၉  မေ  

 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်ရှိ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများသည် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြောက်ဦးမြို့နယ်ရှိ ခိုလှုံရာစခန်းများတွင် ခိုလှုံလျှက်ရှိသော ပြည်သူများထံသို့ သွားရောက်ကာ EPI တိုးချဲ့ကာကွယ်ဆေးများထိုးပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုကို မြောက်ဦးခရိုင်၊မြောက်ဦးမြို့နယ် ကျန်းမာရေးဦးစီးဌာနက  တိမ်ညိုတိုက်နယ်ဆရာဝန် ဒေါက်တာ မျိုးမင်းထွန်း ဦးဆောင်ကာ ကျန်းမာရေးဝန်ထမ်းများမှ တင်းထိန်ကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းကယ်ဆယ်ရေးစခန်းတွင် ခိုလှုံရောက်ရှိနေသော အသက် ၂ နှစ်အောက်  ကလေးငယ် ၂၀ ဦးကို  EPI တိုးချဲ့ကာကွယ်ဆေးထိုးပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင် ၅ ဦးအား AN Care ဆေးထိုးပေးခြင်းနှင့် မွေးဖွားပြီးမိခင်များကို ၂၀ ဦးကို PN Care ဆေးများအခမဲ့ ထိုးပေးခြင်းကို ရွေ့လျားဆေးခန်းများဖွင့်လှစ်၍ကွင်းဆင်းဆောင် ရွက်ကာ ကျန်းမာရေးစောင့်ရှောက်မှုများ၊ ကျန်းမာရေးအသိပညာပေးဟော ပြောခြင်းများပြုလုပ် ပေးခဲ့ကြောင်း ခရိုင်ပြန်/ ဆက်မှ သတင်းရရှိသည်။

 

MDN