မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာလမ်းမပေါ်၊ ရတနာကျွန်းရိပ်သာထိပ်တွင် မီးလောင်မှုဖြစ်ပွား

ရန်ကုန် ၄ ဖေဖော်ဝါရီ

 

ရန်ကုန်မြို့  မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာလမ်းမပေါ်၊ ရတနာကျွန်းရိပ်သာထိပ်တွင် ယနေ့ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြောက်ဥက္ကလာပမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး မွန်းလွဲ ၂ နာရီ ၄၆ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ကနဦးသတင်း သိရပါသည်။

 

MDN