မော်ကွန်းသဇင် စာကြည့်တိုက်နှင့် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေး ရုံးခန်းဖွင့်လှစ်

နေပြည်တော်  ၁၇   ဇန်နဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်ရှိ ဆောက်တန်းကျေးရွာ၌ မော်ကွန်း သဇင်စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၆ ရက်က အဆိုပါကျေးရွာ၊ အင်းပါ(၁) အ.မ.က ကျောင်းအတွင်း ကျင်းပသည်။

 

5

 

မြန်မာတစ်နိုင်ငံလုံး ဝိဇ္ဇာတွဲပထမဆုရှင် မသဇင်ဝင်းကို ဂုဏ်ပြုသော အားဖြင့် အလှူရှင်များက လှူဒါန်းသော "မော်ကွန်းသဇင်" စာကြည့်တိုက်ဖွင့်ပွဲကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဇနီး ဒေါက်တာမြသီတာ၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဇနီးဒေါ်စန်းစန်းယု၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၏ ဇနီး ဒေါ်လဲ့လဲ့ဆွေ၊ ပါမောက္ခ ဒေါက်တာ ဒေါ်တင်တင်အောင်၊မြို့နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဒေါ်အေးအေးသန်း နှင့် မသဇင်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စာကြည့်တိုက်အတွင်း လှည့်လည် ကြည့်ရှုကြသည်။

 

ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအား ဆက်လက်ကျင်းပရာ စာကြည့်တိုက် ဖြစ်မြောက်ရေးနှင့် ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးကြည်လှိုင်က ကျေးဇူးတင် စကားပြောကြားပြီး အလှူရှင် ပါမောက္ခဒေါက်တာ ဒေါ်တင်တင်အောင်က စာကြည့်တိုက် ဆောက်လုပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ စာကြည့်တိုက် ဖြစ်မြောက်ရေး ကော်မတီအတွင်းရေးမှူး ဒေါ်အေးအေးသန်းက စာကြည့်တိုက် ဆောက်လုပ်မှု၊ ပရိဘောဂ လှူဒါန်းမှုများနှင့်ပတ်သက်၍ လည်းကောင်း ရှင်းလင်းပြောကြားသည်။

 

98

 

ထို့နောက် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး၊ မသဇင်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၏ဇနီးနှင့် တာဝန်ရှိသူများသည် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ဖွင့်လှစ်သော ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်​ရှောက်ရေးအသင်း ရုံးခန်းဖွင့်ပွဲသို့ တက်ရောက် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။

 

 

နေဝင်း(ပြန်/ဆက်)