မောက်မယ်မြို့၌ ပြည်သူများလုံခြုံရေးနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး Mask များ တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်

မောက်မယ်    ၂   စက်တင်ဘာ 

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ပြည်သူများ၏ လုံခြုံရေးနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားစဉ်ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပြည်သူများအပြင်ထွက်လျှင် Mask များ တပ်ဆင်ခြင်း ရှိ/မရှိကို ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်၊ ထိန်းချုပ်ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီဉက္ကဋ္ဌ မြို့နယအုပ်ချုပ်ရေးမှူး ဉီးဟန်သူရက ဦးဆောင်၍ ဌာနဆိုင်ရာမှတာဝန်ရှိသူများ ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများ ပူးပေါင်းအဖွဲ့သည် ယမန်နေ့ညနေပိုင်းနှင့် ည ၈ နာရီက  ရှောင်တခင်စစ်ဆေးခဲ့သည်။

 

ထိုသို့ ရှောင်တခင်စစ်ဆေးရာတွင် မြို့အဝင်အထွက်ဂိတ်များတွင် ပြည်သူများ၏ လုံခြုံရေးနှင့် အပြင် ထွက်လျှင် နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေးပြီး ကိုဗစ်-၁၉ကူးစက် ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရောဂါဖြစ်ပွားမှုကို ကာကွယ်ရမည့် နည်းလမ်းများနှင့် လိုက်နာရန် စည်းကမ်းချက်များကို အသိပညာပေးပြီး ရှောင်တခင်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

စိုင်းမျိုးသန့်(မောက်မယ်)