မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ကျန်းမာရေးအကြောင်းကို တောင်ကိုရီးယားထုတ်သတင်းစာမှာ ဖော်ပြထား

၂၁ ဧပြီ

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း တစ်ယောက် နိုင်ငံ့ရဲ့အရေးပါတဲ့ပွဲမှာ တက်ရောက်ခြင်းမရှိတာနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံထုတ် သတင်းစာတစ်စောင်က ခေါင်းဆောင်ကြီး ကင်ဂျုံအွန်းရဲ့ ကျန်းမာရေးအခြအနေကို ရေးသားဖော်ပြထားပါတယ်။

 

ကွယ်လွန်သူ မြောက်ကိုရီးယားနိုင်ငံတည်ထောင်သူ ကင်ဂျုံအွန်းရဲ့ အဖိုးမွေးနေ့ကို ဧပြီလ ၁၅ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အဲဒီမွေးနေ့ပွဲကို ကင်ဂျုံအွန်း တက်ရောက်ခြင်းမရှိတာနဲ့ပတ်သက်ပြီး တောင်ကိုရီးယား အွန်လိုင်းသတင်းစာ တစ်စောင်ဖြစ်တဲ့ Daily NK မှာ ခေါင်းဆောင်ကြီးက ဒီလဆန်းပိုင်းက နှလုံးသွေးကြော ရောဂါကြောင့် ခွဲစိတ်မှုခံယူခဲ့ကြောင်းနဲ့ အခုတော့ ပြုံယမ်းဒေသရဲ့မြောက်ပိုင်းမှာ အနားယူနေကြောင်း၊ ကင်ဂျုံအွန်းက ဆေးလိပ်အလွန်အကျွံ သောက်သုံးခြင်း၊ အဝလွန်ခြင်းနဲ့ မောပန်းလွယ်ခြင်းတွေကြောင့် နှလုံးသွေးကြောနဲ့ ပတ်သက်တဲ့ ခွဲစိတ်မှုကို အရေးတကြီး ခံယူခဲ့ရတာဖြစ်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

 

Daily NK အွန်လိုင်းသတင်းစာဟာ တောင်ကိုရီးယားနိုင်ငံကို ခိုလှုံခွင့်တောင်းခံခဲ့တဲ့ မြောက်ကိုရီးယားတွေက ထုတ်ဝေတဲ့ သတင်းစာဖြစ်ပါတယ်။

 

အမေရိကန်တာဝန်ရှိသူတစ်ဦးရဲ့ အပြောကို ကိုးကားပြီး CNN သတင်းဌာနကနေ ကင်ဟာ ခွဲစိတ်ခံရအပြီး စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေကြာင်း ထောက်လှမ်းရေးသတင်းအရလို့ ပြောပေမယ့် ဘယ်ထောက်လှမ်းရေးသတင်း အရ ဆိုတာကို တိတိကျကျ ပြောကြားခြင်းမရှိတာကို တွေ့ရပါတယ်။

 

တောင်ကိုရီးယားသမ္မတရဲ့ အိမ်တော်ပြာ ပြောခွင့်ရသူက “ ကင်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘာမှ မှတ်ချက်မပေးနိုင်ကြောင်းနဲ့ မြောက်ကိုရီးယားနိုင်ငံတွင်းမှာ သိသာတဲ့လှုပ်ရှားမှု မတွေ့ရသေးကြောင်း ပြောပါတယ်။

 

ကိုးရီးယားပြန်လည်ပေါင်းစည်းရေး ဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ကလည်း အဲဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ငြင်းဆိုတာကို တွေ့ရပါတယ်။

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ လှုပ်ရှားမှုကို ဧပြီ ၁၂ ရက်ကသာ တွေ့ရပြီး အဲဒီအရင်ကလည်း လူထုမြင်ကွင်းကနေ ပျောက်နေတဲ့အတွက် ခေါင်းဆောင်ကြီးရဲ့ ကျန်းမာရေးအခြေအနေကို ခန့်မှန်းသုံးသပ်ချက်တွေ ပေါ်ထွက်နေတာဖြစ်ပါတယ်။

 

MDN
ကိုးကား- AFP