မော်ဒါနာ ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက် အက်ဖ်ဒီအေ အတည်ပြုချက် ရယူ

ဝါရှင်တန် ၂ ဒီဇင်ဘာ  

 

အမေရိကန် ဆေးကုမ္ပဏီကြီးတစ်ခု ဖြစ်သည့် မော်ဒါနာသည် ရလဒ်ကောင်းများ စမ်းသပ်တွေ့ရှိပြီးနောက် ၎င်း၏ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အရေးပေါ်သုံးစွဲခွင့် လျှောက်ထား လိုက်ကြောင်း သိရသည်။

 

မော်ဒါနာက နိုဝင်ဘာ ၃၀ ရက်က ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် စေတနာရှင် စမ်းသပ်ခံသူပေါင်း ၃၀၀၀၀ ကျော် ပါဝင်ခဲ့သည့် ၎င်း၏ အဆင့်သုံး စမ်းသပ်မှုရလဒ်ကို ကြေညာလိုက်သည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ကိုဗစ်-၁၉ ရောဂါကို ၉၁ ဒသမ ၄ ရာခိုင်နှုန်း ကာကွယ်နိုင်စွမ်းရှိကြောင်းနှင့် ဘေးကင်းစိတ်ချမှုရှိရေးနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများလည်း မရှိကြောင်း အဆိုပါ ဆေးကုမ္ပဏီက ပြောကြားလိုက်သည်။

 

နောက်ဆုံးအဆင့်စမ်းသပ်မှုတွင် ကိုဗစ်-၁၉ ရောဂါဝေဒနာရှင် ၁၉၆ ဦး ပါဝင်ခဲ့သည်။ မော်ဒါနာသည် ဖိုက်ဇာ ပြီးနောက် အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (အက်ဖ်ဒီအေ) သို့ အရေးပေါ်သုံးစွဲခွင့် လျှောက်ထားသည့် ဒုတိယမြောက် အမေရိကန် ဆေးဝါးကုမ္ပဏီ တစ်ခု ဖြစ်လာသည်။

 

ထို့အပြင် မော်ဒါနနာသည် ၎င်း၏ ကာကွယ်ဆေးကို ထုတ်လုပ်ရောင်းချရန် ဥရောပဆေးဘက်ဆိုင်ရာ  အေဂျင်စီသို့လည်း ခွင့်ပြုချက်လျှောက်ထားရန် စီစဉ်ထားကြောင်းသိရသည်။ ဂျပန်အစိုးရသည် နောက်နှစ် ဆောင်းဦးရာသီတွင် လူဦး ရေ ၂၅ သန်း ကာကွယ်ဆေးရရှိရန် မော်ဒါနာနှင့် စာချုပ်ချုပ်ဆိုထားကြောင်း သိရသည်။

 

အင်န်အိတ်ချ်ကေ