မော်ဒိုက်သမ္မတဟောင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိ

၂၆ ဩဂုတ်

 

မော်ဒိုက်နိုင်ငံရဲ့ အငြိမ်းစားသမ္မတ မော်မွန် အက်ဒူလာ ဂေးယွန်းက သူ့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိနေကြောင်း အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။ ကျွန်းနိုင်ငံလေးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များပြားလျက်ရှိနေပါတယ်။

 

အသက် ၈၂ နှစ်အရွယ် သမ္မတဟောင်း ဂေးယွန်းက သူ့မှာ ကိုရိုနာဗိုင်းရပ်ပိုးရှိနေကြောင်း၊ သူနဲ့အတူ တခြားသော နာမကျန်းဖြစ်နေသူတွေ အမြန်ကျန်းမာလာအောင် ဘုရားသခင် စောင့်ရှောက်ပါလို့ တွစ်တာမှာ ရေးသားထားပါတယ်။

 

ဂေးယွန်းဟာ ၂၀၀၈ ခုနှစ်မှာ သမ္မတတာဝန်မှာ အငြိမ်းစားယူပြီးပေမယ့် နိုင်ငံရေးသမားအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။

 

မော်ဒိုက်နိုင်ငံဟာ ခရီးသွားလုပ်ငန်းနဲ့ လူသိများတဲ့ နိုင်ငံဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သုံးလနားခဲ့တဲ့ နိုင်ငံတကာခရီးသွားလုပ်ငန်းကို ဇူလိုင်လလယ်မှာ ပြန်လည်လည်ပတ်ခဲ့ပါတယ်။

 

လက်တလောမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၇,၀၄၇ ဦးရှိပြီး သေဆုံးသူ ၂၈ ဦးရှိကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP