မော်စကိုတွင် သေနတ်ပစ်ခတ်မှုအတွင်း ၃ ဦး သေဆုံး

၂၀ ဒီဇင်ဘာ

မော်စကိုမြို့တော်အလယ်ပိုင်းရှိ ထောက်လှမ်းရေးဌာနချုပ်အနီးတွင် သေနတ်ပစ်ခတ်မှုကြောင့် လူအများအပြားဒဏ်ရာ ရရှိခဲ့ကြောင်း ရုရှားနိုင်ငံ၏ အဓိက ထောက်လှမ်းရေးအေဂျင်စီက ပြောကြားခဲ့သည်။ 

 

ဖြစ်နိုင်ဖွယ်ရာ တိုက်ခိုက်မှုပြုလုပ်သူတစ်ဦးကို နှုတ်ပိတ်ပေးခဲ့ကြောင်း ဖက်ဒရယ်လုံခြုံရေးဌာန FSBက ပြောကြားခဲ့သည်။ 

 

ယမန်နေ့အတွင်းက  လုံခြုံရေးတပ်ဖွဲ့ဝန်သုံးဦး သေဆုံးခဲ့သည်ဟု ဆိုသည်။ 

 

FSB၏ အဆောက်အဦမှာ ကရင်မလင် နှင့် တစ်ကီလိုမီတာခန့် အကွာအဝေးတွင် တည်ရှိသည်။ 


ညနေ ၆နာရီအချိန်ခန့်တွင် သေနတ်သမားများက တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသန္တရ မီဒီယာက ပြောကြားခဲ့သည်။  
သေနတ်ပစ်ခတ်မှုဖြစ်ပွားချိန်တွင် သမ္မတ ဗလာဒီမာပူတင်သည် ဂီတဖျော်ဖြေပွဲတစ်ခု တက်ရောက်နေချိန်ဖြစ်ကြောင်း  Interfax သတင်းအေဂျင်စီက ပြောကြားခဲ့သည်။ 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်