မြစ်သား ၁၄ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် အသက်(၈၀)နှစ်နှင့် (၈၅)နှစ်ကြား သက်ကြီး ဘိုးဘွား များအား နိုင်ငံတော်မှ တစ်ဦးလျှင် ငွေကျပ် (၃၀ဝ၀ဝ)နှုန်း ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
နိုင်ငံတော်မှ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀) နှစ် နှင့် (၈၅) နှစ်ကြား သက်ကြီး ဘိုးဘွားများအား တစ်ဦးလျှင် ငွေကျပ်(၃၀ဝ၀ဝ)နှုန်းဖြင့်ထောက်ပံ့ ခြင်း ဖြစ်ပြီး မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု(၉၁)အုပ်စုမှ သက်ကြီးဘိုးဘွား (၁၄၅၀) အတွက် စုစုပေါင်း ငွေကျပ် (၄၃၅၀ဝ၀ဝ၀) ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ လာရောက် ထုတ်ယူခဲ့ကြပြီး အဆိုပါထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများမှ သက်ကြီးဘိုးဘွားများ၏ နေအိမ်သို့သွားရောက်၍ လက်ဝယ်အရောက် ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြမြမွန်(ပြန်/ဆက်)


