မြစ်သားမြို့၌ အထူးကုဆရာဝန်ကြီးများက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

မြစ်သား ၂၇ မတ် 

 


မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် ကျောက်ဆည်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော် ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများက မိုင်းမောဆေးရုံတွင် အခြေပြုလျက် ယနေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့သည်။

 

d

 

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုများကို  ခွဲစိတ်အထူးကုဆရာဝန်ကြီး၊  ကလေးအထူးကု ဆရာဝန်ကြီး၊ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး၊ အရိုးအထူးကုဆရာဝန်ကြီး၊ အရေပြားအထူးကုဆရာဝန်ကြီး၊ မျက်စိအထူးကု ဆရာဝန်ကြီး၊ အကြောအဆစ် အထူးကုဆရာဝန်ကြီး၊  နား/နှာခေါင်း/လည်ချောင်းအထူးကု ဆရာဝန်ကြီး၊ သွားနှင့်ခံတွင်း အထူးကု ဆရာဝန်ကြီးများနှင့် လက်ထောက်ဆရာဝန်များ၊ သူနာပြုဆရာမများ၊ မိုင်းမောတိုက်နယ် ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ဒေသခံပြည်သူများ ၄၀ဝ ကျော်အား စမ်းသပ်ကုသပေးခဲ့ကြသည်။

 

w

 

ထို့နောက် ဒေသခံပြည်သူ ၄၀ဝ ကျော်အား စမ်းသပ်ကုသပေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည့်ပံ့ပိုးကူညီမှုများကို  မိုင်းမောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းဆွေ၊ လူမှုရေးအသင်းအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 


မြို့နယ်(ပြန်/ဆက်) 

 

e