မြစ်သားမြို့ ပန်းသီတာဥယျာဉ်အတွင်း ဖျော်ဖြေရေးအစီအစဉ်များဆောင်ရွက်သွားမည်

မြစ်သား ၂၉ မတ် 

 

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့ရှိ ပန်းသီတာဥယျာဉ် အတွင်း၌ ပန်းခြံသာယာ လှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် ဝါသနာရှင် လူငယ်များ ပူးပေါင်း၍  “Sunday Show ”အစီအစဉ်ဖြင့် လာမည့်ဧပြီ ၁ ရက်နေ့တွင်  ပန်းခြံအတွင်း လာရောက် အနားယူကြသော အများပြည်သူများအား ဖျော်ဖြေရေး အစီအစဉ်များ ကျင်းပသွား မည်ဖြစ်ကြောင်း ပန်းခြံကော်မတီမှ သိရသည်။ 

 

 

ထိုသို့ဖျော်ဖြေရာတွင် မြစ်သားမြို့ရှိ တေးသံရှင် မင်းခန့်နှင့်အတူ  အဆိုဝါသနာရှင် လူငယ်များ၊ အတီးဝါသနာရှင် လူငယ်များက မေတ္တာဖြင့် အခမဲ့ သီဆိုတီးခတ် ဖျော်ဖြေပေးမည်ဖြစ်ကြောင်းနှင့် မြန်မာ့ရိုးရာသင်္ကြန် ပွဲတော် နီးကပ်လာပြီဖြစ်သည့်အတွက် သင်္ကြန်သီချင်းများ၊ သမီးငယ်များ၏ သင်္ကြန်ယိမ်းအကများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ကပြဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

ရဲဝင်းထွန်း(မြစ်သား)