မြစ်ငယ်၊ မိုင်းရယ်နှင့် မိုင်းဆတ်မြို့များတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂၉ ဖေဖော်ဝါရီ

           

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ယမန်နေ့ ည ၇ နာရီခွဲတွင် မန္တလေးတိုင်ဒေသကြီး မြစ်ငယ်မြို့ရှိ မန္တလေး-ရန်ကုန်ကားလမ်းဟောင်း၊ ထုံးဘိုတိုးဂိတ်အနီးတွင် မော်တော်ဆိုင်ကယ်တစ်စီးစီဖြင့် မောင်းနှင်လာသူ ကိုရဲ(ခ) စလင်းနှင့် ကဒင်းဘိုင် (ခ)မောင်စိုးတို့အားရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၀၈၀ နှင့် လက်ကိုင် ဖုန်း ၂ လုံး တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

           

ထို့အတူ ယင်းနေ့မွန်းလွဲ ၂ နာရီခွဲတွင် ရှမ်းပြည်နယ် မိုင်းရယ်မြို့နယ် လွယ်ငင်းကျေးရွာ အုပ်စု၊ နားခေါ်ကျေးရွာနေ ဦးနန္သ(ခ)အိုက်လူ၏နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၆၀၀ ကိုလည်းကောင်း။

 

အလားတူ ဖေဖော်ဝါရီ ၂၇ ရက် ည ၈နာရီခွဲတွင် တပ်မတော်မှ မိုင်းဆတ်မြို့နယ် မိုင်းတွန်း (တောင်ပေါ်)ကျေးရွာအုပ်စု၊ မိုင်းထလန်း - ခပ်ပူတွန်းကျေးရွာသွားလမ်းတွင် မောင်းနှင်လာသော မော်တော် ဆိုင်ကယ် ၂ စီးကို စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် နောက်ပြန်လှည့်ထွက်ပြေးခဲ့ပြီး ကျကျန်ခဲ့သည့် ဆာလာအိတ် ၂ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀,၀၀၀ ကိုလည်းကောင်း၊ ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းတွင် တပ်မတော်မှ မိုင်းဆတ်မြို့နယ်၊ မိုင်းတွန်း (တောင်ပေါ်) ကျေးရွာအုပ်စု၊ ဟွေမီးကျေးရွာ၏အနောက် မြောက်ဘက်၊ တောင်ယာသွားလမ်းဘေးချုံအတွင်းရှိ ဆာလာအိတ်အတွင်းမှ  စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀,၀၀၀ ပြား၊ အိုက်စ် ၂ ကီလိုတို့ကိုလည်းကောင်း၊ မွန်းလွဲပိုင်းတွင် မိုင်းဆတ်မြို့နယ်၊ မိုင်းတွန်း(တောင်ပေါ်)ကျေးရွာအုပ်စု၊ နမ့်ခမ်းကျေးရွာအနီးတွင် အမြင့်ပေ ၁၀ ပေခန့်ရှိ သစ်ပင်ခြောက် ခွဆုံသစ်ခေါင်းအတွင်းမှ  ဘိန်းဖြူ ၄ ဒသမ ၈ ကီလို၊ အဖြူရောင်ကော်မှုန့် ၄ ဒသမ ၆၄ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

 ရဲပြန်ကြား