မြစ်ကြီးနား၌ နိုင်ငံတကာမျက်မမြင်လမ်းလျောက်တုတ်နေ့အထိမ်းအမှတ် အခမ်းအနားနှင့် လမ်းလျှောက်ပွဲကျင်းပ

မြစ်ကြီးနား ၁၅      အောက်တိုဘာ

 

နိုင်ငံတကာမျက်မမြင်လမ်းလျောက်တုတ်နေ့ အထိမ်းအမှတ်အခမ်းအနားနှင့် လမ်းလျောက်ပွဲကို အောက်တိုဘာ ၁၅ ရက်နံနက် ၆ နာရီခွဲက ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကျင်းပပြုလုပ်သည်။

 

1

 

လမ်းလျှောက်ပွဲသို့ မြစ်ကြီးနားမျက်မမြင်ကျောင်းမှ ကျောင်းအုပ်ကြီး ဦးလမုန်ဂမ်ဖန်နှင့် ကျောင်းသား ကျောင်းသူ(၁၂၀)၊ လင်းလက်ကြယ် မျက်မမြင်ဘဝမြှင့်တင်ရေးအဖွဲ့မှ(၅၀)ဦး စုစုပေါင်း(၁၇၀)ဦးနှင့်အတူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိခင်နှင့်ကလေး စောင့်ရှောက် ရေးနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ လိုက်ပါ၍ သခင်နက်ဖေလမ်းနှင့် မြို့မဈေးကြီးလမ်းဆုံမှ မြို့တော်ခန်းမအထိ စုပေါင်း လမ်းလျှောက်ခဲ့ကြသည်။

 

လမ်းတစ်လျှောက်တွင် မြစ်ကြီးနားမြို့မရဲတပ်ဖွဲ့စခန်းမှူး ဒုတိယရဲမှူးသန်းလွင်နှင့် တပ်ဖွဲ့ဝင်များ၊ မြစ်ကြီးနား မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှူး ဦးဇော်ရာနှင့် ဝန်ထမ်းများက စားသောက်ဖွယ်ရာများ ပေးကမ်းခဲ့ကြသည်။

 

ထို့နောက် နိုင်ငံတကာမျက်မြင်လမ်းလျောက်တုတ်နေ့အထိမ်းအမှတ်အခမ်းအနားကို မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမတွင် ဆက်လက်ကျင်းပရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဂုဏ်ပြုကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားကာ ဝန်ကြီးချုပ်နှင့် အလှုရှင်များက မျက်မမြင်ကျောင်းအုပ်ကြီးထံသို့ အလှုငွေများ ပေးအပ်ပြီး မြန်မာနိုင်ငံခရစ်ယာန်မျက်မမြင်များ မိတ်သဟာရအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာ ဦးသိန်းလွင်က ကျေးဇူးတင်စကားပြောကြားကာ မျက်မမြင် ကျောင်းသားကျောင်းလေးသူများမှ တေးဂီတများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)