မြစ်ကြီးနားမြို့နယ်တွင် တရားမဝင် သယ်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံး (၁၂)တန်ခန့် ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ (၂၁)မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဒီဇင်ဘာ ၁၄ ရက် ညနေ ၅ နာရီ ၁၅ မိနစ်တွင် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် နမ္မတီးဘက်မှ မြစ်ကြီးနားဘက်သို့ တပ်ကုန်းရပ်ကွက်နေ ဆန်းဝင်းလှိုင် မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ တူးခိုင်(ခ)ချက်ကြီး လိုက်ပါလာသည့် ၂ဂ/×××× (၁၂)ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်၏ကြမ်းခင်းနှင့် ကိုယ်ထည်ကြားတွင် အံဝှက်ပြုလုပ်၍ သယ်ဆောင်လာသည့် တရားမဝင် ကျောက်စိမ်းအရိုင်းတုံး (၁၂)တန်ခန့်အား တွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့် ၎င်းတို့(၂)ဦးအား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ 

    

 

(ရဲပြန်ကြား)