မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်အတွင်း ငါးမြစ်ချင်း ရှစ်သောင်း စိုက်ထည့်

မြစ်ကြီးနား     ဇူလိုင်   ၁၅

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မြို့နယ်စည်ပင်သာယာရုံး ရေဆိပ်၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြစ်ကြီးနားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းခိုင်ဝင်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဒေါ်ဥမ္မာမြင့်၊ ကချင်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် အဖွဲ့ဝင် ဦးထိန်လင်းနှင့် က (၂) လက်မအရွယ် ငါးမြစ်ချင်းကောင်ရေး (၈၀၀၀၀) ကို ဧရာဝတီမြစ်အတွင်း စိုက်ထည့်ပေးကြသည်။

မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတ တိုးပွားလာရေး၊ ငါးထုတ်လုပ်မှု တိုးတက်စေရေး၊ ငါးမျိုးများ ပိုမိုစားသုံးနိုင်ရေးအတွက် ငါးမျိုးများအား သဘာဝမြစ်ချောင်းများနှင့် ဆည်တမံများအတွင်းသို့ နှစ်စဉ်စိုက်ထည့်ပေးလျက်ရှိကြောင်း သိရသည်။

စိုးဝေအောင်(ခင်ဦး)

mdn