မြစ်အတွင်း ပိုက်ဖော်ပိုက်သိမ်းနေစဉ် မိုးကြိုးထိမှန်သောကြောင့် လူတစ်ဦးသေဆုံး

အမာ ၂၃ မေ


ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့ ဘဝသစ်ကျေးရွာအုပ်စု ထွန်းအောင်ချောင်းပိုက်တဲတန်း ရေလုပ်သား အစုအဖွဲ့ဖြင့် ပိုက်ထောင်နေသူ နှစ်ဦး မိုးကြိုးပစ်ခံရကြောင်း သိရသည်။


ဖြစ်စဉ်မှာ ယနေ့ညနေ (၃) နာရီခွဲ အချိန် ထွန်းအောင်ချောင်းပိုက်တန်းမှ ကိုဇော်မျိုးနှင့် ကိုလှဌေးနိုင်တို့ နှစ်ဦးသည် ပိုက်ဖော်ပိုက်သိမ်းရန်အတွက် ပိုက်တန်းသို့ စက်လှေတစ်စီးဖြင့် သွားခဲ့ရာ မိုးရွာလာပြီး မိုးကြိုးထိမှန်သဖြင့် ကိုဇော်မျိုးအား သေဆုံးလျက်တွေ့ရှိခဲ့ပြီး ကိုလှဌေးမှာ ပျောက်ဆုံးနေဆဲဖြစ်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ရှာဖွေလျက်ရှိကြောင်း သိရသည်။

 
ဝင်းမြင့်အောင်(ပြန်/ဆက်)