မဘိမ်းမြို့နယ်တွင် ရွှေစမ်းသပ်တူးဖော်ရေးဆောင်ရွက်စဉ် မြေပြိုကျ၍ အမျိုးသား တစ်ဦးသေဆုံး

နေပြည်တော်      မတ်

 

ရှမ်းပြည်နယ် မဘိမ်းမြို့နယ် လဝါကျေးရွာအုပ်စု နှစ်ခါချောင်း၌ မတ်  ရက် ညနေ နာရီ ၁၅ မိနစ်က ကမ်းပါးယံမြေပြိုကျ၍ ပိမိပြီး လူတစ်ဦးသေဆုံးကြောင်း သတင်းအရ မဘိမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့သည်။

 

မိုးမိတ်မြို့နယ်၊ ကျောက်မောကျေးရွာနေ စောရွှေဖိုး၊ (၅၄)နှစ်သည် ရွှေစမ်းသပ်တူးဖော်ရေး ဆောင်ရွက်နေစဉ် အမြင့် (၁၅)ပေခန့်ရှိသော ကမ်းပါးယံအား ရေပိုက်ဖြင့် ရေထိုးရာမှ မြေပြိုကျပြီး စောရွှေဖိုးတွင်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သဖြင့် မဘိမ်းမြို့မရဲစခန်းမှ အမှုဖွင့် ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

 

(ရဲပြန်ကြား)