မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့သူ ၁၁ ဦး ဆေးရုံဆင်းခွင့်ပြု  

မဘိမ်း  ဇူလိုင်   ၁၈                                 

             

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့သည့် အမျိုးသား သုံးဦးနှင့် အမျိုးသမီး ရှစ်ဦးတို့သည် မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်သဖြင့် ဇူလိုင် ၁၈ ရက် နံနက် ၉ နာရီခွဲက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဆေးရုံဆင်းရာသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဇေမောင်မောင်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း နေထိုင်ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး အားပေးစကား ပြောကြားခဲ့သည်။

 

ဆေးရုံဆင်းခွင့်ရရှိသူ အမျိုးသားသုံးဦးနှင့် အမျိုးသမီးရှစ်ဦးမှာ ဝိုင်းလုံကျေးရွာမှ အမျိုးသမီး တစ်ဦး၊ စီပိန်းကျေးရွာမှ အမျိုးသမီး နှစ်ဦး၊ ကွန်းချောင်းကျေးရွာမှ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး သုံးဦး၊ ငါးအိုးကျေးရွာမှ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး စုစုပေါင်းဆေးရုံဆင်းခွင့်ရရှိသူ ၁၁ ဦးတို့အား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မော်တော်ယာဉ်ဖြင့် အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးခဲ့သည်။

 

မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသည့် အတည်ပြုလူနာ ၅၇ ဦး ရှိသည့်အနက် ဇူလိုင် ၁၈ ရက်တွင် အမျိုးသား သုံးဦးနှင့် အမျိုးသမီး ရှစ်ဦးတို့ကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ရာ လက်ရှိ၌ အတည်ပြုလူနာ ၄၆ ဦး ကျန်ရှိနေသေးကြောင်း သိရသည်။

 

မျိုးမင်း (ပြန်/ဆက်)