မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ ၁၃ ဦး ထပ်မံတွေ့ရှိ

မဘိမ်း ဇူလိုင် ၁၇              

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ဇူလိုင် ၁၆ ရက် ညနေပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာနှင့် ဆက်စပ်ထိတွေ့ခဲ့သူများအား RDT Test Kit ဖြင့် ဆက်လက်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ ၁၃ ဦး ထပ်မံစစ်ဆေးတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရှိရသည်။  

 

မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း စိစစ်တွေ့ရှိသူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများ၊ ဖျားနာ၍ အနံ့ပျောက်သူများကို မြို့နယ်ပြည်သူ့ဆေးရုံနှင့် ငါးအိုးတိုက်နယ်ဆေးရုံတို့ရှိ ကျန်းမာရေးဝန်ထမ်းများက RDT Test Kit ဖြင့် စစ်ဆေးလျက်ရှိရာ ဇူလိုင် ၁၄ ရက်တွင် လူဦးရေ ၄၆ ဦးကို စစ်ဆေးရာတွင် အမျိုးသား ဦးနှင့် အမျိုးသမီး ဦး စုစုပေါင်း ၁၃ ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး(Positive) တွေ့ရှိခဲ့ပြီး ပိုးတွေ့လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့်ကုသဆောင်နှင့် ငါးအိုးတိုက်နယ်ဆေးရုံရှိ သီးသန့်ကုသဆောင်တို့တွင် သီးသန့်ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

မဘိမ်းမြို့နယ်တွင် ဇူလိုင် ၁၆ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများအား  မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့်ကုသဆောင်တွင် ၁၉ ဦးနှင့် ငါးအိုးတိုက်နယ်ဆေးရုံရှိ သီးသန့်ကုသဆောင်တွင် ၃၉ ဦး၊ စုစုပေါင်းပိုးတွေ့လူနာ ၅၈ ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

 

မျိုးမင်း (ပြန်/ဆက်)